Pages

Subscribe:

Ads 468x60px

Time is money လို့ သဘောမထားပဲ.Time is Dhamma လို့ သဘောထားမယ် ဆိုရင်ပဲ တစ်မျိုး စိတ်ချမ်းသာနေပါပြီ။ (ဓမ္မမိတ်ဆွေ)

Tuesday, January 1, 2013

ဒီလို “ငါ“ ပါ

ရှာရဘိ ခက်ခဲ
ပေးဆပ်ရ မတန်ဘဲ
အလကားမရ ဒီလောကထဲ
မစ္ဆရိယတွေ ငါကြီးနေဆဲ။ 

ရလေ လိုလေ 
အိုတစ္ဆေထဲ
မရရင် ငါ ဆဲ
ရပြန်ရင် မပြည့်စုံဘဲ
လောဘတွေ ငါကြီးနေဆဲ။

ငါ့အတွက်ဆို ငါကြည့်
သူတစ်ပါးအတွက်ဆို 
လှည့်လို့ကို ငါမကြည့်ဘဲ
အတ္တတွေ ငါကြီးနေဆဲ။

အချောင်ရရင် သယ်
မရရင် တွယ်တဲ့ 
ဒီလောက ထဲ
သယ်ရင်းနဲ့  ငါ တွယ်နေဆဲ။

လိုရင် သကာ
မလိုရင် တမာနဲ့
ချိုရင်းခါးကြတဲ့ ဒီလောကထဲ
ချိုရင်းနဲ့ ငါခါးနေဆဲ။

စိတ်က သရမ်း
စကားက ကြမ်းသနဲ့
သရမ်းရင်း ကြမ်းကြတဲ့
ဒီလောကထဲ
သရမ်းရင်းနဲ့ ငါ ကြမ်းနေဆဲ။

                    သြော်......အပါယ်ကျမယ့်......“ငါ” ပဲ။              ။

                  ဓမ္မမိတ်ဆွေ (ပုတီးကုန်း)

0 comments:

Post a Comment