Pages

Subscribe:

Ads 468x60px

Time is money လို့ သဘောမထားပဲ.Time is Dhamma လို့ သဘောထားမယ် ဆိုရင်ပဲ တစ်မျိုး စိတ်ချမ်းသာနေပါပြီ။ (ဓမ္မမိတ်ဆွေ)

Featured Posts

Wednesday, February 27, 2013

သုံးမရတဲ့ ဒဿန

တသသ..
သက်ပျင်းချ...
အံဝင်ဂွင်မကျ..

လောဘက ထည်လဲချ.
ဒေါသက ..နားရင်းချ..
တယ်မလှတဲ့ လူ့ဘ၀...
မောဟစိုးတဲ့ ချောက်ထဲကျ...

ခွေးကျ ၀က်ကျ..

သြော် ဘ၀ကပေးတဲ့...ဒဿန
တကယ်ပဲ သုံးမကျ.....

                                                                              ဓမ္မမိတ်ဆွေ (ပုတီးကုန်း)

Friday, January 18, 2013

သူက ဘုရားမှ မဟုတ်တာ



မနက်မိုးလင်းလာသည်နှင့်တစ်ပြိုင်နက်ရွာထဲမှ ကျောင်းသား ကျောင်းသူများ ကျောင်းသွားဖို့ ပြင်နေရပြီ။ အိပ်ယာထက်မှာ ပျင်းရိနေတဲ့ သူလည်း လူးလဲထရသည်။ တကယ်တော့ ရွှေမုဋ္ဌော ကျေးရွာ အစိုးရမူလတန်းကျောင်း စတဲ့ အချိန်က နံနက် ၉ နာရီ ခွဲမှ စတာဖြစ်ပါတယ်။ ဒီကျေးရွာလေးက ကလေးတွေကတော့ ခြောက်နာရီဆို အရောက်သွားရပါတယ်။ အစိုးရမူလတန်းကျောင်းကိုတော့ မဟုတ်။

Friday, January 4, 2013

စွမ်းနိုင်သူ


သူငယ်ချင်း ဦးဇင်းတစ်ပါးရဲ့ ဂုဏ်ပြုပူဇော်ပွဲ အမှတ်တရ ရေးခဲ့သော ဆောင်းပါးလေးကို ပြန်လည် တင်ပြပေး လိုက်ပါတယ်။.............
       ကလောင်ရှင် တစ်ယောက်မဟုတ်လေတော့ သူငယ်ချင်းအတွက် စာတစ်ပုဒ်ရေးပေးပါမယ်-လို့ ၀န်ခံပြီး ကာမှ ကိုယ့်ကိုယ်ကို စွမ်းနိုင်ပါ့မလား-လို့ တွေးနေမိပြန်တယ်။ “စာကောင်းဖို့ မလိုဘူး၊ စာပါဖို့ပဲ လိုတယ်” ဆိုတဲ့ သူငယ်ချင်းရဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို အားသစ်တစ်ဖန် လောင်းလိုက်ပြန်တော့လည်း

Tuesday, January 1, 2013

သူငယ်ချင်း ......သို့

   ဒီမှာ............သူငယ်ချင်း
                       ကာလရဲ့ ၀ါးမျိုမှုကို
                       မသိသလို နေခဲ့တဲ့ “မင်း”
                       ဆုံးရှုံးသွားကာမှ
                       “အစားထိုးမရပါလား” ဆိုတဲ့
                        နောင်တသာ မင်း--ရလိမ့်မယ်ပေါ့။               ။

                        ကြိုးစားရမယ့် အချိန်မှာ
                        လုံ့လမဲ့ နေခဲ့တဲ့ “မင်း”
                        ကျရှုံးသွားကာမှ
                      “၀မ်းနည်းခြင်း သောကနှင့်အတူ
                         ထောက်ပံ့မှု အသိုင်းအ၀ိုင်း ” ဆိုတဲ့
                         လောက (နံရံ) သာ မင်း.......ခေါင်းတိုက်ရလိမ့်မယ်ပေါ့။             ။

ဒါကြောင့် ............သူငယ်ချင်း
                            နောင်တတွေ မရခင်
                            ကာလရဲ့ ၀ါးမျိုမှု
                            သတိပြုလို့ မင်း တွန်းလှန်ပေါ့။        ။

                            လောက (နံရံ) ကို
                            ခေါင်းမတိုက်ခင်
                            မင်းစရိုက် မင်းပြုပြင်
                            ကြိုးစားလို့ မင်းနေလိုက်ပေါ့။             ။

ဒါဆိုရင် ..............သူငယ်ချင်း
                            အင်မတန် မင်းတောင့်တ
                            မင်းမက်မောလှတဲ့
                            ..........................ဆိုတာ
                             မြေကြီးကို လက်နဲ့ခတ်
                             မလွဲတတ်ဘူးဆိုတာ
                             ဇဝေဇ၀ါ မဟုတ်
                             အသေအချာပေါ့ သူငယ်ချင်း.။   ။ 
                                   
                                                      ဓမ္မမိတ်ဆွေ (ပုတီးကုန်း)

ဒီလို “ငါ“ ပါ

ရှာရဘိ ခက်ခဲ
ပေးဆပ်ရ မတန်ဘဲ
အလကားမရ ဒီလောကထဲ
မစ္ဆရိယတွေ ငါကြီးနေဆဲ။ 

ရလေ လိုလေ 
အိုတစ္ဆေထဲ
မရရင် ငါ ဆဲ
ရပြန်ရင် မပြည့်စုံဘဲ
လောဘတွေ ငါကြီးနေဆဲ။

ငါ့အတွက်ဆို ငါကြည့်
သူတစ်ပါးအတွက်ဆို 
လှည့်လို့ကို ငါမကြည့်ဘဲ
အတ္တတွေ ငါကြီးနေဆဲ။

အချောင်ရရင် သယ်
မရရင် တွယ်တဲ့ 
ဒီလောက ထဲ
သယ်ရင်းနဲ့  ငါ တွယ်နေဆဲ။

လိုရင် သကာ
မလိုရင် တမာနဲ့
ချိုရင်းခါးကြတဲ့ ဒီလောကထဲ
ချိုရင်းနဲ့ ငါခါးနေဆဲ။

စိတ်က သရမ်း
စကားက ကြမ်းသနဲ့
သရမ်းရင်း ကြမ်းကြတဲ့
ဒီလောကထဲ
သရမ်းရင်းနဲ့ ငါ ကြမ်းနေဆဲ။

                    သြော်......အပါယ်ကျမယ့်......“ငါ” ပဲ။              ။

                  ဓမ္မမိတ်ဆွေ (ပုတီးကုန်း)

Monday, December 31, 2012

Internet ပေါ်က မြန်မာစာပြသနာဖြေရှင်းနည်း



အင်တာနက်သုံးတဲ့သူတိုင်း ကြုံတွေ့နေရတဲ့ ပြသနာလေးပါ။ ပြီးခဲ့တဲ့နေ့က သူငယ်ချင်း စာသင် ဘက်လည်းဟုတ်၊ ဆရာလည်းဟုတ်တဲ့ ဦးဇင်းက သူက Gtalk မှာရော Facebook မှာရော ကျန်တဲ့ သစ်ထူးလွင်. ဒေါက်တာလွမ်းဆွေ ဆိုဒ်တွေမှာရော zawgyi one install လုပ်ထားပါရဲ့နဲ့ မြန်မာစာဖတ်မရ လို့ဆိုပြီး ဖြေရှင်းပေးဖို့ ရောက်လာပါတယ်.. အကြောင်းကြုံလို့ တတ်သလောက် မှတ် သလောက် ဖြေရှင်းပေးနည်းလေးကို ပြောပြပေးမလို့ပါ ။ သိပြီးသားသူများ အတွက်တော့ မဟုတ်ပါဘူး.. မသိသေးသူများအတွက်ပါ။။
(ကန့်သတ်။  ။ မြန်မာစာသည် ဒို့စာ လို့ မသတ်မှတ်တဲ့ ကို့ယို့ကားယားတွေနဲ့ မြန်စာကို နည်းနည်းလေးမှ မသိတဲ့ နိုင်ငံခြားသား ငတုံးငအတွေအတွက် မဟုတ်။ -အခွင့်သာ တုံးလေး ဆော်ထားမှ တန်ရာကျမှာ..မို့ပါနော်)
 
Gtalk အတွက်

အရင်ဆုံး Gtalk အတွက် မြန်မာစာဖြေရှင်းနည်းကတော့ Zawgyi one မရှိသေးရင် computer မှာ install လုပ်ထားဖို့လိုပါတယ်။ ပြီးရင် Gtalk box အပေါ်ဒေါင့်မှာ settings ဆိုတာကို အရင်ဆုံးနိုပ်လိုက်ပါ။ နောက် ပေါ်လာတဲ box ထဲက change fonts ဆိုတာလေးကို နိုပ်လိုက်ပါ.။ နောက် font ဆိုတဲ့ နေရာမှာ Zawgyi one ဆိုတာလေးကို မှတ်ပေးလိုက်ပါ..။ ဒါဆိုရင် Gtalk အတွက် မြန်မာစာပေါ်ပါပီ။
          တော်တော်များများ Gtalk တွေအတွက့်  အဲဒီလိုလုပ်လိုက်ရုံနဲ့ ရပါတယ်။

မရသေးရင် နောက်တစ်နည်း….
 ဒါပေမယ့် ဖြစ်ချင်တော့ သူငယ်ချင်း Gtalk မှာ အဲဒီလိုလုပ်ရုံနဲ့ မရသေးဘူးဖြစ်နေတာ..။ကဲ ဦးဇင်းသိတဲ့ အထဲက နောက်တစ်နည်း ပဲကျန်တော့တယ်..

နောက်တစ်နည်းးး စလိုက်ရအောင်နော်။ computer မှာ internet explorer ဆိုတဲ့  Wed browser  ပါပါတယ်။ အဲဒါကို အရင် click လိုက်ပါ။ ပီးရင် ပေါ်လာတဲ့ wed page စာမျက်နှာမှာ tools ဆိုတာကို ရှာလိုက်ပါ။ တစ်ချို့မတွေ့ရင် settings ထဲကနေ ၀င်ရှာလိုက်ပါ tools ကိုတွေ့ရင် နိုပ်လိုက်ပါ။ ပေါ်လာတဲ့ menu  box ထဲက internet options ဆိုတာလေးကို နိုပ်လိုက်ပါ။ နောက် ပေါ်လာတဲ့ box ရဲ့ အောက်နားမှာ colors , languages, fonts ဆိုတာလေးတွေ တွေ့ပါလိမ့်မယ်။ အဲဒီမှာ fonts ဆိုတာလေးကို နိုပ်ပီး ပေါ်လာတဲ့ box ထဲက wedpagefont ဆိုတဲ့ နေရာမှာ Zawgyi one ဆိုတာလေးကို select ပေးပြီး ok ပေးလိုက်ပါ။

ဒါဆိုရင် Ok ဆိုတဲ့အတိုင်း အဆင်ပြေသွားပါပြီ။။

မအိုကေ (Ok) သေးတာက ဒီလို