ဒီမှာ............သူငယ်ချင်း
ကာလရဲ့ ၀ါးမျိုမှုကို
မသိသလို နေခဲ့တဲ့ “မင်း”
ဆုံးရှုံးသွားကာမှ
“အစားထိုးမရပါလား” ဆိုတဲ့
နောင်တသာ မင်း--ရလိမ့်မယ်ပေါ့။ ။
ကြိုးစားရမယ့် အချိန်မှာ
လုံ့လမဲ့ နေခဲ့တဲ့ “မင်း”
ကျရှုံးသွားကာမှ
“၀မ်းနည်းခြင်း သောကနှင့်အတူ
ထောက်ပံ့မှု အသိုင်းအ၀ိုင်း ” ဆိုတဲ့
လောက (နံရံ) သာ မင်း.......ခေါင်းတိုက်ရလိမ့်မယ်ပေါ့။ ။
ဒါကြောင့် ............သူငယ်ချင်း
နောင်တတွေ မရခင်
ကာလရဲ့ ၀ါးမျိုမှု
သတိပြုလို့ မင်း တွန်းလှန်ပေါ့။ ။
လောက (နံရံ) ကို
ခေါင်းမတိုက်ခင်
မင်းစရိုက် မင်းပြုပြင်
ကြိုးစားလို့ မင်းနေလိုက်ပေါ့။ ။
ဒါဆိုရင် ..............သူငယ်ချင်း
အင်မတန် မင်းတောင့်တ
မင်းမက်မောလှတဲ့
..........................ဆိုတာ
မြေကြီးကို လက်နဲ့ခတ်
မလွဲတတ်ဘူးဆိုတာ
ဇဝေဇ၀ါ မဟုတ်
အသေအချာပေါ့ သူငယ်ချင်း.။ ။
ဓမ္မမိတ်ဆွေ (ပုတီးကုန်း)
0 comments:
Post a Comment