Pages

Subscribe:

Ads 468x60px

Time is money လို့ သဘောမထားပဲ.Time is Dhamma လို့ သဘောထားမယ် ဆိုရင်ပဲ တစ်မျိုး စိတ်ချမ်းသာနေပါပြီ။ (ဓမ္မမိတ်ဆွေ)

Monday, December 31, 2012

Internet ပေါ်က မြန်မာစာပြသနာဖြေရှင်းနည်း



အင်တာနက်သုံးတဲ့သူတိုင်း ကြုံတွေ့နေရတဲ့ ပြသနာလေးပါ။ ပြီးခဲ့တဲ့နေ့က သူငယ်ချင်း စာသင် ဘက်လည်းဟုတ်၊ ဆရာလည်းဟုတ်တဲ့ ဦးဇင်းက သူက Gtalk မှာရော Facebook မှာရော ကျန်တဲ့ သစ်ထူးလွင်. ဒေါက်တာလွမ်းဆွေ ဆိုဒ်တွေမှာရော zawgyi one install လုပ်ထားပါရဲ့နဲ့ မြန်မာစာဖတ်မရ လို့ဆိုပြီး ဖြေရှင်းပေးဖို့ ရောက်လာပါတယ်.. အကြောင်းကြုံလို့ တတ်သလောက် မှတ် သလောက် ဖြေရှင်းပေးနည်းလေးကို ပြောပြပေးမလို့ပါ ။ သိပြီးသားသူများ အတွက်တော့ မဟုတ်ပါဘူး.. မသိသေးသူများအတွက်ပါ။။
(ကန့်သတ်။  ။ မြန်မာစာသည် ဒို့စာ လို့ မသတ်မှတ်တဲ့ ကို့ယို့ကားယားတွေနဲ့ မြန်စာကို နည်းနည်းလေးမှ မသိတဲ့ နိုင်ငံခြားသား ငတုံးငအတွေအတွက် မဟုတ်။ -အခွင့်သာ တုံးလေး ဆော်ထားမှ တန်ရာကျမှာ..မို့ပါနော်)
 
Gtalk အတွက်

အရင်ဆုံး Gtalk အတွက် မြန်မာစာဖြေရှင်းနည်းကတော့ Zawgyi one မရှိသေးရင် computer မှာ install လုပ်ထားဖို့လိုပါတယ်။ ပြီးရင် Gtalk box အပေါ်ဒေါင့်မှာ settings ဆိုတာကို အရင်ဆုံးနိုပ်လိုက်ပါ။ နောက် ပေါ်လာတဲ box ထဲက change fonts ဆိုတာလေးကို နိုပ်လိုက်ပါ.။ နောက် font ဆိုတဲ့ နေရာမှာ Zawgyi one ဆိုတာလေးကို မှတ်ပေးလိုက်ပါ..။ ဒါဆိုရင် Gtalk အတွက် မြန်မာစာပေါ်ပါပီ။
          တော်တော်များများ Gtalk တွေအတွက့်  အဲဒီလိုလုပ်လိုက်ရုံနဲ့ ရပါတယ်။

မရသေးရင် နောက်တစ်နည်း….
 ဒါပေမယ့် ဖြစ်ချင်တော့ သူငယ်ချင်း Gtalk မှာ အဲဒီလိုလုပ်ရုံနဲ့ မရသေးဘူးဖြစ်နေတာ..။ကဲ ဦးဇင်းသိတဲ့ အထဲက နောက်တစ်နည်း ပဲကျန်တော့တယ်..

နောက်တစ်နည်းးး စလိုက်ရအောင်နော်။ computer မှာ internet explorer ဆိုတဲ့  Wed browser  ပါပါတယ်။ အဲဒါကို အရင် click လိုက်ပါ။ ပီးရင် ပေါ်လာတဲ့ wed page စာမျက်နှာမှာ tools ဆိုတာကို ရှာလိုက်ပါ။ တစ်ချို့မတွေ့ရင် settings ထဲကနေ ၀င်ရှာလိုက်ပါ tools ကိုတွေ့ရင် နိုပ်လိုက်ပါ။ ပေါ်လာတဲ့ menu  box ထဲက internet options ဆိုတာလေးကို နိုပ်လိုက်ပါ။ နောက် ပေါ်လာတဲ့ box ရဲ့ အောက်နားမှာ colors , languages, fonts ဆိုတာလေးတွေ တွေ့ပါလိမ့်မယ်။ အဲဒီမှာ fonts ဆိုတာလေးကို နိုပ်ပီး ပေါ်လာတဲ့ box ထဲက wedpagefont ဆိုတဲ့ နေရာမှာ Zawgyi one ဆိုတာလေးကို select ပေးပြီး ok ပေးလိုက်ပါ။

ဒါဆိုရင် Ok ဆိုတဲ့အတိုင်း အဆင်ပြေသွားပါပြီ။။

မအိုကေ (Ok) သေးတာက ဒီလို

သူငယ်ချင်းဦးဇင်းရဲ့ computer ကို အဲဒီနည်းနဲ့ ဖြေရှင်းလိုက်ပါတယ်။။ Gtalk မှာ မြန်မာစာရသွားပါပြီ။  internet explorer နဲ့ ဖွင့်တဲ့ သတင်းတွေနဲ့ facebook တွေမှာ မြန်စာရသွားပါတယ်။ ဒါပေမယ့်…….Mozillafire fox wedbrowser နဲ့ ဖွင့်တဲ့ သတင်းတွေနဲ့ facebook မှာ မြန်မာစာမရသေးဘူးဖြစ်နေတယ်။ ဦးဇင်းလည်းသိသလောက်က ကုန်သွားပြီဆိုတော့ အတော်လေး အကြံအိုက်သွားတယ်။ အဲဒါနဲ့ ပဲ Zawgyi one software ကို ပြန်ဖြုတ်ပြီး ပြန်တင်မယ်ပေါ့ ။ သူ့ computer ထဲမှာ ရှိတဲ့ Zawgyione software ကလည်း ခုတင်ထားတဲ့ software ပဲဆိုတော့ မတင်တော့ဘူး။ ကျန်တဲ့နည်းနဲ့ပဲ ဖြေရှင်းမယ်ပေါ့။ သေသေချာချာစဉ်းစားတော့မှ internet explorer မှာပြောင်းတော့ internet explorer မှာ မြန်မာစာရတယ်။ ဒါဆိုရင် ရှင်းနေပြီး Mozillafirefox မှာ ရအောင် Mozillafire fox မှာပြောင်းမယ်ပေါ့။ ကဲ စဉ်းစားမိတဲ့အတိုင်း စပါတော့မယ်ဗျာနော်။။ လေရှည်နေလို့ သူငယ်ချင်းစိတ်ပျက်နေပြီနော် စိတ်မပျက်နဲ့>>>>>>

          Mozillafire fox ကို ဖွင့်လိုက်ပါ။ wedpage ပွင့်လာရင် title menu bar မှာ Tools ဆိုတာလေးကို နိုပ်လိုက်ပါ။ အဲဒီနောက် အောက်ဆုံးက options ဆိုတာလေးကို နိုပ်ပေးပါ။ နောက် ပွင့်လာတဲ့ box ထဲက Content ဆိုတဲ့ စာပါတဲ့ ပုံလေးကို နိုပ်လိုက်ပါ။ အဲဒီမှာမှ Fonts & colors ဆိုတာလေးရဲ့အောက်နားက default font ဆိုတဲ့နေရာမှာ Zawgyi one ဆိုတာလေးကို ပြောင်းပေးလိုက်ပါ။ font size တွေ font colors တွေပြောင်းချင်တယ် ဆိုရင်လည်း ပြောင်းသွားနော်။  အားမရသေးရင် အဲဒီမှာ ကျန်တာတွေက ကလိလိုက်အုံးနော်။ ပျက်သွားမှာ မကြောက်ရင်ပေါ့လေ..နော်။ (မကြောက်နဲ့ ပျက်သွားရင် အကုန်ပြန်လုပ်လို့ရတယ် ၊ ကလိအားရအောင်)

ကဲ ကလိလို့အားရရင် 0K ပေးခဲ့ပါနော်။။ မပေးမိရင် မအိုကေပဲနေမယ်နော်။
အဲဒီလိုနည်းနဲ့ ဦးဇင်းဖြေရှင်းပေးလိုက်တဲ့ သူငယ်ချင်း ဦးဇင်းရဲ့ Mozillafirefox နဲ့သုံးတဲ့ သတင်းတွေရော facebook နဲ့ Email ပါမကျန်အကုန်အဆင်ပြေသွားတယ်ဗျာ။။  ကျန်တဲ့ wedbrowser သုံးတယ်ဆိုရင်လဲ ဒီနည်းအတိုင်းပဲ ဖြေရှင်လိုက်ပါနော်..။

ကဲ သူငယ်ချင်းတို့လဲ အဆင်ပြေပါစေနော်။

ကဲ သူငယ်ချင်းတို့အတွက် ဒါလေးကတော့ Happy new year 2013 လက်ဆောင်……

လွန်ခဲ့တဲ့ တစ်ပတ်က သူငယ်ချင်းရဟန်းတစ်ပါးကို ကိုသဘောကျတဲ့ Seamonkey wedbrowser software ပေးးလိုက်တယ်……။ ဒါနဲ့ သူလဲ အဲဒါလေးကိုပဲ ကိုက အညွန်းကောင်းတော့ သူသုံးကြည့်တယ်ပေါ့။ wedpage မှာ မြန်မာစာတွေ ဖတ်မရပြန်ဘူးဗျာ…facebook ရော သတင်းတွေရောဗျာ..ဒါပေမယ့် Gtalk တော့ မပါဘူးနော်..
 အဲဒီ Seamonkey wedbrowser မှာ မြန်မာစာမရလို့ သူလည်း သူနဲ့သိတဲ့ ဆရာရဟန်းတပါးကို ပင့်ပြီး ဖြေရှင်းနေတာပေါ့..။ Zawgyi software တွေကို ဖြုတ်ချလိုက် ပြန်တင်လိုက်. လုပ်နေတာ…. မရဘူးတဲ့လေ..။ ဒါနဲ့ အဲဒီဆရာကလည်း မေးတော့ ကိုယ့်ဆီကယူခဲ့တာ ဆိုတာကို ခြေရာခံမိသွားတယ်လေ…။ တခါတည်းပါပဲ အဲဒီလူ သွားခေါ်..ဆို အာဏာစက်ပြန့်နှံ့လာတော့ ကိုလဲ လိုက်သွားမိတယ်။။
ကဲ..ဒီတစ်ခါ ကိုယ့်အလှည့် ဆရာတော့ မဟုတ်ဘူး ..လုပ်နေကျ အတိုင်း တောင်နှိပ် မြောက်နှိပ်  နှိပ်မှာ။ရသွားရင် ဟုတ်တယ် . မရသေးရင် မဟုတ်သေးဘူး ဆိုတဲ့ .နည်းနဲ့ပေါ့။ လုပ်ကြည့်ပါတယ် ခုနနည်းလေးနဲ့ မရဘူး။ ဘယ်နည်းမှကို မရတာ…။ကိုယ်ပေးလိုက်တဲ့ Seamonkey browser software က Version က နှစ်ခုပေးလိုက်တာဆိုတော့။ သူဘယ် Version ကိုတင်ထားလဲ ကြည့်လိုက်တယ်။ ပေးတဲ့အထဲက နောက်ဆုံး Version ကို တင်ထားတာကို တွေ့လိုက်တယ်..။ ဒါနဲ့ အရင် Version ကို ပြန်ပြောင်းတင်ပေးလိုက်တယ်။ Ok တယ်ဗျာ..ရသွားပြီး။ သိထားဖို့က တစ်ခါတစ်လေမှာ Version မတူလို့လဲ မြန်မာစာမရဘူးဆိုတာကို သတိထားရမှာပါ။ သူတို့က Zawgyi one တွေ ပြောင်းတင်ကြည့်ပြီးနေပြီလေ။ ကိုယ့်အတွက် တော့ Browser ကို ပြောင်းတင်ဖို့ပဲကျန်တာဆိုတော့ ကိုယ်က ကံကောင်းသွားတယ်။ ရတယ်ဗျာ။။


ကဲဗျာ လေတိုကြိုက်တဲ့သူတွေအတွက် ဒီလို မှတ်ဗျာ……….
For Gtalk

Gtalk box  >>> Settings>>>> Change fonts >>>Zawgyi one >>> Ok..//

For Facebook & news ect.

Internet explorer >>> Wedpage >>> Tools >>> Internet options >>> Fonts >>>> Zawgyi one >>> Ok..//

For Mozillafire fox (Mozi-မှာ မရသူတွေအတွက်)

 Mozillafirefox >>>Wedpage >>>Tools >>>Options >>> Content >>> Fonts & colors >>> Default fonts >>> Zawgyi one >>>Ok..///

For Seamonkey wedbrowser
Seamonkey wedbrowser အသုံးပြူသူတွေကတော့ Version သာ ပြောင်းတင်ပေးလိုက်ပါ။။။။။။။။။။။။။။

ကဲဗျာ ဘယ်လိုနည်းနဲ့မှာ မရတဲ့ သူငယ်ချင်းများအတွက် အဟောင်းဆုံးနဲ့ အကောင်းဆုံးနည်းအဖြစ်နဲ့ နောက်ဆုံးနည်းကတော့ ကွန်ပြူတာကို မယူပြီး အမှိုက် ပုံးရှိတဲ့နေရာရောက်အောင် သွားပြီး၊ အမှိုက်ပုံးထဲထည့်လိုက်ပါ…။ ခွဲမပစ်ပါနဲ့ အမှိုက်သိမ်းနေရလို့ ပို အလုပ်ရှုပ်ပါမယ်…..ကဲ အဲဒီနည်းနဲ့သာ ဖြေရှင်းလိုက်ပါ……ဒါဆို လုံးဝ အိုကေပါပြီ။ 
                                                    
                                                                       ဓမ္မမိတ်ဆွေ (ပုတီးကုန်း)









0 comments:

Post a Comment