Tuesday, January 22, 2013
Friday, January 18, 2013
သူက ဘုရားမှ မဟုတ်တာ
မနက်မိုးလင်းလာသည်နှင့်တစ်ပြိုင်နက်ရွာထဲမှ
ကျောင်းသား ကျောင်းသူများ ကျောင်းသွားဖို့ ပြင်နေရပြီ။ အိပ်ယာထက်မှာ ပျင်းရိနေတဲ့
သူလည်း လူးလဲထရသည်။ တကယ်တော့ ရွှေမုဋ္ဌော ကျေးရွာ အစိုးရမူလတန်းကျောင်း စတဲ့ အချိန်က
နံနက် ၉ နာရီ ခွဲမှ စတာဖြစ်ပါတယ်။ ဒီကျေးရွာလေးက ကလေးတွေကတော့ ခြောက်နာရီဆို
အရောက်သွားရပါတယ်။ အစိုးရမူလတန်းကျောင်းကိုတော့ မဟုတ်။
Labels:
ဓမ္မဆောင်းပါး
Friday, January 4, 2013
စွမ်းနိုင်သူ
သူငယ်ချင်း ဦးဇင်းတစ်ပါးရဲ့ ဂုဏ်ပြုပူဇော်ပွဲ အမှတ်တရ ရေးခဲ့သော ဆောင်းပါးလေးကို ပြန်လည် တင်ပြပေး လိုက်ပါတယ်။.............
ကလောင်ရှင် တစ်ယောက်မဟုတ်လေတော့ သူငယ်ချင်းအတွက် စာတစ်ပုဒ်ရေးပေးပါမယ်-လို့ ၀န်ခံပြီး ကာမှ ကိုယ့်ကိုယ်ကို စွမ်းနိုင်ပါ့မလား-လို့ တွေးနေမိပြန်တယ်။ “စာကောင်းဖို့ မလိုဘူး၊ စာပါဖို့ပဲ လိုတယ်” ဆိုတဲ့ သူငယ်ချင်းရဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို အားသစ်တစ်ဖန် လောင်းလိုက်ပြန်တော့လည်း
ကလောင်ရှင် တစ်ယောက်မဟုတ်လေတော့ သူငယ်ချင်းအတွက် စာတစ်ပုဒ်ရေးပေးပါမယ်-လို့ ၀န်ခံပြီး ကာမှ ကိုယ့်ကိုယ်ကို စွမ်းနိုင်ပါ့မလား-လို့ တွေးနေမိပြန်တယ်။ “စာကောင်းဖို့ မလိုဘူး၊ စာပါဖို့ပဲ လိုတယ်” ဆိုတဲ့ သူငယ်ချင်းရဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို အားသစ်တစ်ဖန် လောင်းလိုက်ပြန်တော့လည်း
Labels:
ဓမ္မဆောင်းပါး
Tuesday, January 1, 2013
သူငယ်ချင်း ......သို့
ဒီမှာ............သူငယ်ချင်း
ကာလရဲ့ ၀ါးမျိုမှုကို
မသိသလို နေခဲ့တဲ့ “မင်း”
ဆုံးရှုံးသွားကာမှ
“အစားထိုးမရပါလား” ဆိုတဲ့
နောင်တသာ မင်း--ရလိမ့်မယ်ပေါ့။ ။
ကြိုးစားရမယ့် အချိန်မှာ
လုံ့လမဲ့ နေခဲ့တဲ့ “မင်း”
ကျရှုံးသွားကာမှ
“၀မ်းနည်းခြင်း သောကနှင့်အတူ
ထောက်ပံ့မှု အသိုင်းအ၀ိုင်း ” ဆိုတဲ့
လောက (နံရံ) သာ မင်း.......ခေါင်းတိုက်ရလိမ့်မယ်ပေါ့။ ။
ဒါကြောင့် ............သူငယ်ချင်း
နောင်တတွေ မရခင်
ကာလရဲ့ ၀ါးမျိုမှု
သတိပြုလို့ မင်း တွန်းလှန်ပေါ့။ ။
လောက (နံရံ) ကို
ခေါင်းမတိုက်ခင်
မင်းစရိုက် မင်းပြုပြင်
ကြိုးစားလို့ မင်းနေလိုက်ပေါ့။ ။
ဒါဆိုရင် ..............သူငယ်ချင်း
အင်မတန် မင်းတောင့်တ
မင်းမက်မောလှတဲ့
..........................ဆိုတာ
မြေကြီးကို လက်နဲ့ခတ်
မလွဲတတ်ဘူးဆိုတာ
ဇဝေဇ၀ါ မဟုတ်
အသေအချာပေါ့ သူငယ်ချင်း.။ ။
ဓမ္မမိတ်ဆွေ (ပုတီးကုန်း)
Labels:
ဓမ္မကဗျာများ
ဒီလို “ငါ“ ပါ
ရှာရဘိ ခက်ခဲ
ပေးဆပ်ရ မတန်ဘဲ
အလကားမရ ဒီလောကထဲ
မစ္ဆရိယတွေ ငါကြီးနေဆဲ။
ရလေ လိုလေ
အိုတစ္ဆေထဲ
မရရင် ငါ ဆဲ
ရပြန်ရင် မပြည့်စုံဘဲ
လောဘတွေ ငါကြီးနေဆဲ။
ငါ့အတွက်ဆို ငါကြည့်
သူတစ်ပါးအတွက်ဆို
လှည့်လို့ကို ငါမကြည့်ဘဲ
အတ္တတွေ ငါကြီးနေဆဲ။
အချောင်ရရင် သယ်
မရရင် တွယ်တဲ့
ဒီလောက ထဲ
သယ်ရင်းနဲ့ ငါ တွယ်နေဆဲ။
လိုရင် သကာ
မလိုရင် တမာနဲ့
ချိုရင်းခါးကြတဲ့ ဒီလောကထဲ
ချိုရင်းနဲ့ ငါခါးနေဆဲ။
စိတ်က သရမ်း
စကားက ကြမ်းသနဲ့
သရမ်းရင်း ကြမ်းကြတဲ့
ဒီလောကထဲ
သရမ်းရင်းနဲ့ ငါ ကြမ်းနေဆဲ။
သြော်......အပါယ်ကျမယ့်......“ငါ” ပဲ။ ။
ဓမ္မမိတ်ဆွေ (ပုတီးကုန်း)
Labels:
ဓမ္မကဗျာများ
Subscribe to:
Posts (Atom)