Pages

Subscribe:

Ads 468x60px

Time is money လို့ သဘောမထားပဲ.Time is Dhamma လို့ သဘောထားမယ် ဆိုရင်ပဲ တစ်မျိုး စိတ်ချမ်းသာနေပါပြီ။ (ဓမ္မမိတ်ဆွေ)

Monday, December 24, 2012

အလှသစ္စာ

ကြိုက်မိတဲ့ ကဗျာလေးမို့ ဖော်ပြပေးလိုက်ပါတယ်။ အရှင်တေဇနိယ..စာချ (ဗဟန်း၊ ရန်ကုန် )  ရေးတဲ့ကဗျာလေးပါ....

ရောင်စုံလန်းဆန်း၊ ရနံ့ လွှမ်းသည့်
ပန်းကလေးတွေ၊ အလှဝေလည်း
မကြွေကျခင်၊ အလှဆင်သည်
တဒင်္ဂအလှ၊ သူ့ဘ၀။

တောတွေ တောင်တွေ၊ အလှဝေလည်း
နွေမရောက်ခင်၊ အလှဆင်သည်
တဒင်္ဂအလှ၊ သူ့ဘ၀။

အသားရွှေဝါ၊ ပါးနီတျာနှင့်
နှာတံမျက်လုံး၊ ရှုမဆုံးအောင်
ကော့မျက်တောင်နဲ့၊ နက်မှောင်ဆံပင်
မြင်သူတိုင်းငေး၊ နုယဉ်ကျေး၍
နတ်ဆေးပန်းချီ၊ ရေးမမှီသို့
စုံညီလှရှာ၊ ထိုသူမှာလည်း
ဇရာမရောက်ခင်၊ အလှဆင်သည်
တဒင်္ဂလှ ၊ သူ့ဘ၀။

စိတ်ထားကောင်းခြင်း၊ ရိုးသားခြင်းနှင့်
ရိုင်းပင်းကူညီ၊ ဤသုံးလီကား
အခြားအလှ၊ ယှဉ်မရ၍
ဘ၀နောက်နောင်၊ ကာလခေါ်င်ထိ
အရောင်ထွက်ဆဲ၊ လှမြဲလှသည်
အလှသစ္စာတရားပါတကား။။။။။။။။။။။။။။။။။။။။။။
အရှင်တေဇနိယ (စာချ) ဗဟန်း၊ ရန်ကုန်။

0 comments:

Post a Comment