အောင်မြင်တော့ ဘ၀င်ကိုင်
ရှုံးလျှင်မှိုင်ကာ မျက်နှာညှိးလို့
မိုးညိုလိုမည်း
ရင်ထဲက မီးတောင်လိုကွဲ
လောကကို ဆဲ......။
မရှိတော့ အားငယ်
ကြွယ်ဝကာ ဂုဏ်ရှိန်တောက်တော့
ဂုဏ်မောက်လွန်ကဲ...
ဘယ်သူက ဘာထင်ထင်
ငါအရှင်ပဲမို့
မိုက်ဖို့ ၀င့်ရဲ.....။
မသိတော့ မဆင်ခြင်
သိပြန်လျှင် ငါက၀ိလို့
ဝိလိုက်ခြင်ဆဲ......။
အဇ္ဈတ္တမိုးတိမ်
ဟိုဘက်ပါ သည်မှာရမ်း
ဆိုးသွမ်းပွေလိမ်
သောကမီး မမှိန်....။
လိမ်ညာဖို့ အပြင်ဆင်များ
မတရားသာကြံ
တရားမှာ သူအန္ဓပေမို့
ဟန်ကျနေတကား..........။
ဓမ္မမိတ်ဆွေ(ပုတီးကုန်း)
0 comments:
Post a Comment