Pages

Subscribe:

Ads 468x60px

Time is money လို့ သဘောမထားပဲ.Time is Dhamma လို့ သဘောထားမယ် ဆိုရင်ပဲ တစ်မျိုး စိတ်ချမ်းသာနေပါပြီ။ (ဓမ္မမိတ်ဆွေ)

Thursday, December 27, 2012

ကြိုး

လူ၏    ခန္စာ
များစွာထောင်သောင်း
ကြိုးအပေါင်းနှင့်
ခါခါထပ်ထပ်
ချည်နှောင်ပတ်လည်း
အလွယ်သာစွ
      ဖြေသော် ရ၏။    ။
       
သံယောဇဉ်ကြိုး
နှောင်တွယ်တိုးလျှင်
ပိုးမျှင်ကို တိုး
`ယင်´ အမျိုးသို့
စုလျားရစ်ပတ်
     အဖြေခက်၏။   ။

                                    ( မော်ဒန်ရိုင်း)

Monday, December 24, 2012

တိုက်တွန်းခြင်း (ဥယျောဇဉ်)

ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။
မွေ့လျော်ဖွယ်အားလုံးကို တရား၌မွေ့လျော်ခြင်းက အောင်နိုင်၏။
ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏။

သို့ဖြစ်ပါသာကြောင့်
ဘုရားရှင်၏ အဆုံးမသာသနာတော်သည် အဓွန့်ရှည်စွာ တည်ပါစေသတည်း။
သဒမ္မသုံးဖြာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။


                            ဓမ္မမိတ်ဆွေ (ပုတီးကုန်း)
ရဟန်း ရဟန်း
မည်ပြဋ္ဌာန်းလျှက်
ရဟန်းဟူလစ်
ခေါ်ရာဖြစ်ရုံ
စနစ်ခေါက်ရိုး
ချုပ်ရိုးခန်းခန်း
ဖန်ရည်စွန်းသား
သင်္ကန်းဝါ၀ါ
ဦးပြည်းကာဖြင့်
ပညာကင်းပ
သီလမဲ့မျိုး
အတွင်းဆိုးကား
အကျိုးတစိ
ဘယ်မှာ ရှီလိမ့်.............

မဃဒေ၀ မန်လည်ဆရာတော် ။ ပိုဒ်ရေ ၄၂၅

ဟန်ကျနေတကား



အောင်မြင်တော့ ဘ၀င်ကိုင်
ရှုံးလျှင်မှိုင်ကာ မျက်နှာညှိးလို့
မိုးညိုလိုမည်း
ရင်ထဲက မီးတောင်လိုကွဲ
လောကကို ဆဲ......။

မရှိတော့ အားငယ်
ကြွယ်ဝကာ ဂုဏ်ရှိန်တောက်တော့
ဂုဏ်မောက်လွန်ကဲ...
ဘယ်သူက ဘာထင်ထင်
ငါအရှင်ပဲမို့
မိုက်ဖို့ ၀င့်ရဲ.....။

မသိတော့ မဆင်ခြင်
သိပြန်လျှင် ငါက၀ိလို့
ဝိလိုက်ခြင်ဆဲ......။

အဇ္ဈတ္တမိုးတိမ်
ဟိုဘက်ပါ သည်မှာရမ်း
ဆိုးသွမ်းပွေလိမ်
သောကမီး မမှိန်....။

လိမ်ညာဖို့ အပြင်ဆင်များ
မတရားသာကြံ
တရားမှာ သူအန္ဓပေမို့
ဟန်ကျနေတကား..........။

              ဓမ္မမိတ်ဆွေ(ပုတီးကုန်း)

အလှသစ္စာ

ကြိုက်မိတဲ့ ကဗျာလေးမို့ ဖော်ပြပေးလိုက်ပါတယ်။ အရှင်တေဇနိယ..စာချ (ဗဟန်း၊ ရန်ကုန် )  ရေးတဲ့ကဗျာလေးပါ....

ရောင်စုံလန်းဆန်း၊ ရနံ့ လွှမ်းသည့်
ပန်းကလေးတွေ၊ အလှဝေလည်း
မကြွေကျခင်၊ အလှဆင်သည်
တဒင်္ဂအလှ၊ သူ့ဘ၀။

တောတွေ တောင်တွေ၊ အလှဝေလည်း
နွေမရောက်ခင်၊ အလှဆင်သည်
တဒင်္ဂအလှ၊ သူ့ဘ၀။

အသားရွှေဝါ၊ ပါးနီတျာနှင့်
နှာတံမျက်လုံး၊ ရှုမဆုံးအောင်
ကော့မျက်တောင်နဲ့၊ နက်မှောင်ဆံပင်
မြင်သူတိုင်းငေး၊ နုယဉ်ကျေး၍
နတ်ဆေးပန်းချီ၊ ရေးမမှီသို့
စုံညီလှရှာ၊ ထိုသူမှာလည်း
ဇရာမရောက်ခင်၊ အလှဆင်သည်
တဒင်္ဂလှ ၊ သူ့ဘ၀။

စိတ်ထားကောင်းခြင်း၊ ရိုးသားခြင်းနှင့်
ရိုင်းပင်းကူညီ၊ ဤသုံးလီကား
အခြားအလှ၊ ယှဉ်မရ၍
ဘ၀နောက်နောင်၊ ကာလခေါ်င်ထိ
အရောင်ထွက်ဆဲ၊ လှမြဲလှသည်
အလှသစ္စာတရားပါတကား။။။။။။။။။။။။။။။။။။။။။။
အရှင်တေဇနိယ (စာချ) ဗဟန်း၊ ရန်ကုန်။